Skip to main content
Enjoy DELIVERY Fees as low as S$4.99!

မျောက်ငိုသီး (သို့) သစ်လိမ်သီး

Product Description:

မျောက်ငိုသီးဟာ အလွန်ဆေးဖက်ဝင်ပါတယ်။
ဒညင်းသီး နဲ့ ပြောင်းပြန်အချိုးကျတဲ့ မျောက်ငိုသီး
ဒညင်းသီးအရသာနှင့်တူလို့ ကြိုက်တဲ့သူများ ကျန်းမာရေးမထိခိုက်ပဲစားနိုင်ပြီနော်


🍾မျောက်ငိုသီးမှာ
#ဗီတာမင် A
#ဗီတာမင် B6/B12
#သံဓါတ်
#ပိုတက်စီယမ်၊ မဂ္ဂနီစီယမ်၊
#ပရိုတင်းနဲ့ တခြား ဗီတာမင် နဲ့ သတ္တုဓါတ်တွေ အဟာရဓါတ်တွေ အများအပြား ကြွယ်၀စွာပါ၀င်ပါတယ်။
#အသည်း၊ နှလုံး၊ ကျောက်ကပ်၊ လေးဘက်နာ၊ ဦးနှောက်နှင့် အာရုံကြောစနစ်ကောင်းမွန်ခြင်း၊
#ကိုယ်အလေးချိန်ထိန်းပေးခြင်း
#အစာချေစနစ်ကောင်းမွန်စေခြင်း
#ဆေးလိပ်​ဖြတ်လိုသူများ၊
#နှလုံးရောဂါ ရှိသူများ
#အာရုံကြောအားနည်း သူများ
#ကျောက်ကပ်အားနည်း သူများ
#အစာအိမ်ရောဂါ ရှိသူများ
#ဝမ်းချုပ်တတ်သူများ
#သွေးချိုရောဂါရှိသူများ
#သွေးတိုးရောဂါရှိသူများ
#စိတ်ဖိစီးမှု့ များသူများ
#အရွယ်တင်နုပျိုချင်သူများ
#ကိုယ်အလေးချိန်လျှော့ကျချင်သူများ
#သွေးအားနည်း သူများ
စားပေးသင့်သော သက်စောင့် အသီးလေးပါ
#လေဖြတ် လေဖျန်းခြင်းကိုလဲ 40%ကာကွယ်ပေးပါတယ်
သက်စောင့်အသီးလေးဆိုလည်းမမှားဘူးနော်
လူတိုင်း စားပေးသင့်တဲ့ အသီးလေးပါ။

🍾ဒီလိုဆေးဘက်ဝင်တဲ့မျောက်ငိုသီးကို နှစ်သက်သူများက မျောက်ငိုသီးဆားရည်စိမ်၊ မျောက်ငိုသီးစေ့ ခြောက်များ ပြုလုပ်ပြီး ထိမ်းသိမ်းလေ့ ရှိကြပါတယ်။

🍾မျောက်ငိုသီးဆားရည်စိမ်ရဲ့အရသာဟာ မြန်မာလူမျိုးများအကြိုက် ပေါ်ဦးပေါ်ဖျား ဒညင်းသီးနုနု ထွတ်ထွတ် ကြွပ်ကြွပ်ကလေးတွေနဲ့ဆင်တူလို့ ထမင်းအလွန်မြိန်စေပါတယ်။

🍾မျောက်ငိုသီးအခြောက်ကိုတော့ မချက်ခင် အချိန်တစ်ည (၈နာရီခန့်​ရေစိမ်)၊ အချိန်အနည်းငယ်ပြုတ်၊ အခွံခွာပြီးမှ နှစ်သက်သလို ကြော်၊ ချက်ပြီး အသားအမျိုးမျိုးဖြင့် တွဲဖက်စားသောက်နိုင်ပါတယ်။

🍾မျောက်ငိုသီးသုပ်၊ မျောက်ငိုသီးငပိချက်၊ မျောက်ငိုသီးဆားရည်စိမ်၊ မျောက်ငိုသီး ပုဇွန်ထမင်းကြော်တို့ကတော့ အလွန်နာမည်ကြီးသော စားဖွယ်အတွဲအစပ်များပါနော်။

🍾မြန်မာနိုင်ငံမြိတ်မြို့၊ချင်းပြည်နယ် တို့တွင်သာမက၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ ထိုင်းနိုင်ငံ၊ မလေးရှား နှင့် စင်္ကာပူနိုင်ငံ ဒေသအနှံ့ ကျော်ကြားသော မျောက်ငိုသီးကို ဝယ်ယူမြည်းစမ်းကြည့်နိုင်ပါပြီရှင်။

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)

Your Cart

Your cart is currently empty.
Click here to continue shopping.