Skip to main content
Enjoy DELIVERY Fees as low as S$4.99!

ဆာဗူးသီး ချင်းပြောင်းဆန် နှင့်ငရုတ်

Product Description:

👑"ဆာဗူးသီး" ဆိုတာ ချင်းစော်ဘွားများလက်ထက်ကတည်းက နှစ်ခြိုက်ခုံမင်စွာ စားခဲ့ကြတဲ့ အစားအစာလို့ သိရပါတယ်

🌽ချင်းရိုးရာ ဆာဗူးသီးပြောင်းဆန်ချက်ပြုတ်နည်း

1)ပြောင်းဆန်ကို မချက်ခင် တစ်ည (8 နာရီခန့်) ရေကြိုတင်စိမ်ပါ။
2)သန့်စင်စွာ ဆေးကြောထားသော ပြောင်းဆန်နှင့် နှစ်သက်ရာ ကြက်၊ ဝက်၊ အမဲ၊ ဆိတ် အသား/ အူ / ကလီဆာ / အရိုးများကို ဆား ငံပြာရည်အနည်းငယ်ထည့်၍ ဆန် နှင့် အသားများနူးအိလာသည်ထိ ပြုတ်ပါ။
-ပုံမှန်ကြာချိန် 2နာရီ 45 မိနစ် ခန့်
-ထမင်းအိုး (Rice cooker) ဖြင့် 1နာရီ 45 min
-ဟင်းပေါင်းအိုး (Pressure cooker) အသုံးပြုပါက အချိန် 45 မိနစ် ခန့် ပေါင်းပါ။
3) ဟင်းခတ်အမွှေးအကြိုင် နှစ်သက်ပါက အသား/ အူ / ကလီဆာ/ အရိုးများကို ဆား (သို့ ) အရသာမှုန့် ​ဖြင့်
သမအောင်နယ်ပြီး ဂျင်း၊ ကြက်သွန် ဖြူ၊ နီ များဖြင့် ဆီသတ်၍သီးသန့်ပြုတ်နိုင်ပါသည်။

🌽ဆာဗူးသီးနှင့် တွဲဖက်စားရန် အရံဟင်းပြင်ဆင်နည်း
🥗အူသုတ် (သို့) အသားသုတ်
ပြုတ်ထားပြီး အူ (သို့)အသားကို ဂေါ်ဖီ၊ နံနံ၊ သံပုရာရည်၊ ငရုတ်သီးသုတ်နှင့် ရောနယ်ပြီး အရံဟင်းတစ်ပွဲအဖြစ်ပြင်ဆင်နိုင်ပါသည်။

🌶ငရုတ်သီးသုတ်
-ချင်းငရုတ်သီးကို (ဆီအနည်းငယ်ဖြင့်) လှော်ပါ။
-ငရုတ်သီးလှော်တောင့်များကို ထောင်း၍ ဆီ၊ ရေ၊ ဆား၊ ကြက်သွန်နီ၊ သံပုရာရည်ညှစ်၍ သုတ်ပါ။
အစပ်ကြိုက်သူများ ဆာဗူးသီးပြုတ်ထဲထည့်မွှေ စားသောက်ရန်ဖြစ်ပါသည်။

🥓အသားပြုတ်ကြော်
ပြုတ်ရည်မှ ဆယ်ယူထားသော အသားတုံးများကို ဆီပူပူဖြင့်ပြန်ကြော်ပြီး ကြက်ကြော်၊ ဝက်ကြော် ၊ အမဲကြော်အဖြစ် တွဲဖက် စားသုံးနိုင်ပါသည်။

မှတ်ချက်။ ပြောင်းဆန် 250 g ခန့် (နို့ဆီ ၁ဗူး) ကို ၄/၅ ယောက် အဝ စားနိုင်ပါသည်။

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)

Your Cart

Your cart is currently empty.
Click here to continue shopping.